ကိုယ်ဝန်မဆောင်မီ စိတ်နှင့်ကိုယ်ခန္တာပြင်ဆင်မှုများ ပြုလုပ်ခြင်း

ကရေးသားခဲ့သည်: Redaksi Klikdokter.com

Melatih Fisik dan Mental Sebelum Hamil

အချို့သောအိမ်ထောင်ရှင်စုံတွဲများ(အထူးသဖြင့် အမျိုးသမီးများ)တွင် အိမ်ထောင်သက်အနည်းငယ်ကြာသည်အထိ ကိုယ်ဝန်မရရှိခြင်းကြောင့် နေ့စဉ်ဘ၀တွင်သက်ရောက်မှုများ ရှိလာတတ်ကြပါတယ်။ အချို့သောစုံတွဲများအနေဖြင့် ပြင်းထန်စွာခံစားတတ်ကြပြီး လူမှုရေးပွဲများနှင့် အသိအကျွမ်းများသော နေရာများကိုပင်ရှောင်ရှားသည်အထိ ဖြစ်လာတတ်ကြပါတယ်။ တကယ်ကတော့ ဒီလိုအခြေအနေမျိုးကို နည်းမှန်လမ်းမှန်နှင့် ကိုင်တွယ်တတ်ဖို့လိုပါတယ်။ ယခုဆောင်းပါးမှာတော့ ကိုယ်ဝန်မဆောင်မီတွင် စိတ်နှင့်ကိုယ်ခန္တာကို စနစ်ကျစွာ ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့အချက်များကို ဖော်ပြပေးမှာဖြစ်ပါတယ်။ စိတ်နှင့်ကိုယ်ခန္တာပြင်ဆင်ခြင်း၏အရေးပါပုံ ကိုယ်ဝန်မဆောင်မီတွင် စိတ်လေ့ကျင့်ခန်းများနှင့် ကိုယ်ကာယလေ့ကျင့်ခန်းများကိုပြုလုပ်ခြင်းဖြင့် မိခင်လောင်းရဲ့ကျန်းမာရေးကိုသာမက မကြာမီရရှိလာမယ့် ကိုယ်ဝန်ကာလတွင်ပါ ကျန်းမာရေးကောင်းမွန်ခြင်းကို ရရှိနိုင်ပါတယ်။ ကောင်းမွန်စွာကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် ကျန်းမာကြံ့ခိုင်ခြင်းက အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ဗိုက်ထဲမှာ သန္ဒေသားကို သယ်ပြီး လှုပ်ရှားသွားလာခြင်းကြောင့် ပင်ပန်းအားနည်းမှုများကို ကြုံတွေ့ရတော့မှာ မလွဲမသွေဖြစ်ပါတယ်။ဒီအချက်ကြောင့် သက်လုံကောင်းဖို့နဲ့ကျန်းမာရေးကောင်းဖို့ကို ဦးတည်ပြီး ကိုယ်ဝန်မဆောင်မီကာလမှာ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဒီနေရာမှာ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ခြင်းရဲ့ အရေးပါမှုကိုလည်း ချန်လှပ်ထားလို့မရပါဘူး။ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ဝန်စရှိတာနဲ့ တပြိုင်နက် စိတ်သောကနဲ့စိတ်ဖိစီးမှုတွေကို ခံစားရတတ်လို့ပဲဖြစ်ပါတယ်။ မိခင်ရဲ့စိတ်ခံစားချက်များ ကောင်းမွန်မှသာ ကျန်းမာတဲ့ သန္ဒေသားကို ပိုင်ဆိုင်ဖို့အခွင့်အလမ်းပိုများနိုင်မှာပါ။ဒါကြောင့်မို့ ကိုယ်ဝန်မဆောင်မီကတည်းကပင် မိခင်ရဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ရလဒ်ကောင်းများစွာ ရရှိစေမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလတွင် ပြင်ဆင်သင့်သော အချက်များ (၁)ကိုယ်ကာယပိုင်းဆိုင်ရာ ပြင်ဆင်လေ့ကျင့်ခြင်း နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။ Gymသို့တကူးတကမသွားလိုသူများအနေနဲ့ လမ်းလျှောက်ခြင်းက အကောင်းဆုံးလေ့ကျင့်ခန်းဖြစ်ပါတယ်။ လှုပ်ရှားတက်ကြွစွာနေထိုင်ခြင်းဖြင့်လည်း ကျန်းမာကြံ့ခိုင်စေပါလိမ့်မယ်။ (၂)စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်လေ့ကျင့်ခြင်း စိတ်တည်ငြိမ်အောင် ကြိုးစားသင့်ပါတယ်။ရယ်မောပါ။စိတ်ပင်ပန်းမှုများကိုလျှော့ချပါ။နေရာဒေသမရွေးတွင် စိတ်ပေါ့ပါးပျော်ရွင်အောင်နေထိုင်ပါ။ (၃)အာဟာရပြည့်ဝအောင်စားပါ ကိုယ်ဝန်ဆောင်ကာလတွင် အာဟာရပြည့်ဝအောင်စားဖို့က အရေးကြီးတဲ့အချက်ပါပဲ။ကာဗိုဟိုက်ဒရိတ်၊ပရိုတင်း၊အဆီဓာတ်အပြင် ဗီတာမင်ကြွယ်ဝသောအစာများကို စားသုံးပေးသင့်ပါတယ်။ အာဟာရတန်ဖိုးများ ညီညွတ်မျှတစွာပါဝင်သောအစားအစာများကို menuဆွဲပြီး နေ့စဉ်စားသောက်ပေးဖို့ လိုအပ်ပါတယ်။ ကိုယ်ခံအားကောင်းစေဖို့အတွက် အားဆေးများလည်း မဖြစ်မနေမှီဝဲသင့်ပါတယ်။ ဆေးလိပ်နဲ့အရက်များသောက်သုံးခြင်း၊မူးယစ်ဆေးဝါးသုံးခြင်းကိုရှောင်သင့်ပြီး သန့်ရှင်းလုံခြုံသော ပတ်ဝန်းကျင်တွင် နေထိုင်သင့်ပါတယ်။ အိုဂျီနဲ့လည်းပုံမှန်ပြသဖို့ မမေ့နဲ့နော်။