ကလေးရလိုသော အမျိုးသမီးတွေအတွက် သန္ဒေအောင်ကာလ(Fertility period)ကို တွက်ချက်ခြင်းဖြင့် ကိုယ်ဝန်မြန်မြန်ရစေမယ့်

ကရေးသားခဲ့သည်: Redaksi Klikdokter.com

Ingin Cepat Hamil? Ketahui Kapan Saja Masa Subur Wanita

ကလေးရနိုင်သည့်ကာလ(Fertility Period)ကို မှန်ကန်စွာတွက်ချက်ခြင်းဟာ ကလေးရနိုင်ဖို့ရာနှုန်းကို မြင့်တက်စေတဲ့အချက်တစ်ချက်ပါပဲ။အထူးသဖြင့် မကြာသေးမီက ကိုယ်ဝန်ပျက်ကျထားတဲ့ အမျိုးသမီးများအနေဖြင့် ကလေးရနိုင်တဲ့ကာလကို သေချာစွာတွက်ဆကြည့်သင့်ပါတယ်။ Fertility Period ကို သိခြင်းရဲ့ ကောင်းကျိုးတွေကတော့ -ကလေးရနိုင်ချေပိုများစေပါတယ်။ -Fertility Period ဆိုတာ မမျိုးဥနဲ့ သုတ်ပိုးထိတွေ့ပြီး သန္ဒေအောင်ဖို့ အဆင်သင့်ဖြစ်နေချိန်ကို ဆိုလိုပါတယ်။ -Fertility Periodဟာ အချိန်တိုင်းမှာဖြစ်ပေါ်နေတာမဟုတ်လို့ အချိန်မှန်သိရှိဖို့လိုပါတယ်။ -ကလေးရလိုသောစုံတွဲများအနေဖြင့် fertility period တွင် တူတူနေခြင်းဖြင့် ကလေးရနိုင်ဖို့ အခွင့်အလမ်းများတဲ့အပြင် ကလေးရဲ့ sexကိုပါ အတိုင်းအတာတစ်ခုအထိ ခန့်မှန်းနိုင်ပါတယ်။ သန္ဒေအောင်ကာလကို ဘယ်လိုတွက်ချက်မလဲ? တွက်နည်းများစွာအနက် အလွယ်ဆုံးနဲ့စိတ်အချရဆုံးနည်းကတော့ test kitများကို အသုံးပြုပြီး စစ်ဆေးနည်းဖြစ်ပါတယ်။ ဆီးကိုအခြေခံပြီးစစ်ဆေးခြင်းဖြစ်ပြီး ၉၀ကနေ၉၅ရာနှုန်းအထိ မှန်ကန်ပါတယ်။ မိန်းမကိုယ်တွင်းရှိ အချွဲများက ကျူံ့ဆန့်နိုင်သော အနေအထားတွင်ရှိနေပါက သန္ဒေအောင်ကာလလို့ သတ်မှတ်နိုင်ပေမယ့် တိကျမှုနည်းပါတယ်။ အခြားသော နည်းလမ်းကတော့ ရာသီစက်ဝန်းကိုကြည့်ပြီးတွက်ချက်ခြင်းပဲ ဖြစ်ပါတယ်။ ပထမဆုံးရာသီလာတဲ့ရက်ပြီးနောက် ၇ရက်အကြာတွင် သန္ဒေအောင်ဖို့ အလားအလာများပြီး ၁၅ရက်မြောက်မှာတော့ အလားအလာအများဆုံးဖြစ်ပါတယ်။ ဒါကြောင့် ရာသီလာသောရက်အရေအတွက်၊ရာသီစက်ဝန်းတစ်ခုနဲ့တစ်ခုကြား ကြာချိန်၊ပထမဆုံးရာသီလာရက်တို့ကို အတိအကျသိဖို့ လိုအပ်ပါတယ်။ သန္ဒေအောင်ကာလကို သိရှိခြင်းဖြင့် ကလေးရနိုင်မယ့်ရက်ကို တွက်ချက်နိုင်မယ်ဆိုတာ သိရှိကြပြီမဟုတ်လား။ ကလေးယူဖို့ရည်ရွယ်ထားသော မေမေတို့အနေနဲ့လည်း ကိုယ်ဝန်မရခင်ကတည်းကပင် စိတ်ရောကိုယ်ပါကျန်းမာအောင် ပြင်ဆင်ထားသင့်ကြောင်း အကြံပေးတင်ပြလိုက်ပါတယ်။