မိခင်နို့တိုက်ကျွေးဖို့အတွက် ကိုယ်ဝန်ဆောင်ကာလမှာကတည်းက ဘယ်လိုကြိုတင်ပြင်ဆင်ကြမလဲ

ကရေးသားခဲ့သည်: Redaksi Klikdokter.com

Yuk, Persiapkan Diri menjadi Ibu Menyusui Sejak Masih Hamil

ရင်သွေးငယ်များအတွက် မိခင်နို့က အကောင်းဆုံးအာဟာရတစ်ခုဖြစ်ပါတယ်။ထိုအတွက်ကြောင့် ကလေးအသက်၆လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးဖို့ ဆရာဝန်များက တိုက်တွန်းကြခြင်းဖြစ်ပါတယ်။မိခင်နို့တိုက်ကျွေးဖို့ စဉ်းစားထားကြသော မိခင်လောင်းများအနေဖြင့် ကလေးမီးမဖွားခင်ကတည်းကပင် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ အောက်ပါအချက်လေးများကို လိုက်နာပြီး ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ (၁)အာဟာရပြည့်ဝအောင်နေ့စဉ်စားသောက်ပါ မိခင်အာဟာရပြည့်ဝခြင်းက နို့ထွက်များစေဖို့ အထောက်အကူများစွာပြုပါတယ်။ အစိမ်းရောင်အရွက်တွေကို များများစားခြင်းဖြင့် နို့အထွက်များတာတွေ့ရပါတယ်။PRENAGENကဲ့သို့ ကိုယ်ဝန်ဆောင်နို့မှုန့်များကို နေ့စဉ်သောက်ပေးခြင်းဖြင့်လည်း နို့ထွက်များစေတာမို့ ရင်သားသေးသူများနဲ့ နို့ထွက်နည်းသူတွေအတွက် သောက်သုံးပေးသင့်သောဖြည့်စွက်စာတစ်ခုပါပဲ။ PRENAGENတွင် အထူးအာဟာရများဖြစ်သော Choline, DHA နဲ့ folic acidတို့ပါဝင်တဲ့အတွက် ကလေးဥာဏ်ရည်မြင့်မားစေဖို့လည်း ကူညီနိုင်ပါသေးတယ်။ (၂)ရေများများသောက်ပါ နို့တိုက်မိခင်တွေအနေနဲ့ ရေဓာတ်ပြည့်ဝဖို့အလွန်အရေးကြီးပါတယ်။ထို့မှသာ နို့ထွက်အားပိုမိုကောင်းမှာဖြစ်လို့ ရေ၊ကြက်စွပ်ပြုတ်ရည်၊စွပ်ပြုတ်စသောအရည်များကို သောက်သုံးသင့်ပါတယ်။ (၃)ပရိုတင်းပိုမိုစားပါ မိခင်နို့တွင် အဓိကပါသော ကလေးအတွက်ကျန်းမာရေးကောင်းကျိုးများပေးနိုင်တဲ့အာဟာရက ပရိုတင်းဓာတ်ဖြစ်ပါတယ်။ပရိုတင်းကို ကိုယ်ဝန်ဆောင်ကာလနှင့်နို့တိုက်စဉ်ကာလတွေမှာ နေ့စဉ်စားပေးဖို့ မမေ့ပါနဲ့။ကြက်သား၊အမဲသား၊ငါး၊ကြက်ဥအကာ၊ပဲနို့၊တို့ဟုးစသည်တို့ကနေ ပရိုတင်းဓာတ်ကိုရရှိနိုင်ပါတယ်။သို့သော် အပူချိန်၇၀ဒီဂရီထက်ပိုပြီး ချက်ပြုတ်ပါက အာဟာရတန်ဖိုးများဆုံးရှူံးတတ်တာမို့ သတိထားသင့်ပါတယ်။ (၃)ရင်သားmassageပြုလုပ်ပါ ကိုယ်ဝန်ဆောင်နောက်ဆုံးကာလကို ရောက်ရှိလာတာနဲ့တပြိုင်နက် ရင်သားများကို baby oil သုံးပြီး တစ်နေ့ကို ၅မိနစ်ခန့် နှိပ်နယ်ပေးသင့်ပါတယ်။အောက်ကနေအထက်ကိုပင့်ပြီး နှိပ်ပါ။ထို့နောက် အထက်မှအောက်သို့ပြန်ဆင်းပြီးနှိပ်နယ်ပေးပါ။ (၄)နို့သီးခေါင်းကိုသန့်ရှင်းရေးပြုလုပ်ပါ နို့သီးခေါင်းများညစ်ပတ်နေပါက နို့ထွက်အားနည်းစေပါတယ်။ဒါကြောင့် baby soapအသုံးပြုပြီး နေ့စဉ်သန့်ရှင်းပေးသင့်ပါတယ်။ (၅)ပွပွချောင်ချောင် ဘရာကို ၀တ်ဆင်ပါ တင်းကျပ်သောဘရာတွေက နို့ထွက်အားနည်းစေတဲ့အတွက် နို့တိုက်ဘရာကို ပွပွချောင်ချောင် အမျိုးအစားကိုရွေးဝယ်ပါ။ အပေါ်မှာတင်ပြသွားတဲ့အချက်တွေက မေမေတို့ကို နို့ထွက်အားပိုကောင်းစေပြီး ရင်သွေးငယ်လေးတွေကို အာဟာရပြည့်ဝစေဖို့ အထောက်အကူပြုပေးမှာဖြစ်လို့ လိုက်နာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။