ကိုယ်ဝန်ဆောင်ချိန်တွင် ဗိုက်နှိပ်ခြင်းရဲ့ ကောင်းကျိုးနှင့်ဆိုးကျိုးများ

ကရေးသားခဲ့သည်: Redaksi Klikdokter.com

Pijat Perut Saat Hamil, Berbahaya Nggak Sih?

ကိုယ်ရောစိတ်ပါ ကြည်လင်လန်းဆန်းနေဖို့အတွက် ကိုယ်ခန္တာတစ်ခုလုံး သက်တောင့်သက်သာရှိနေဖို့လိုအပ်ပါတယ်။ ထိုသို့သက်တောင်သက်သာဖြစ်အောင်လုပ်ပေးနိုင်သောနည်းလမ်းများတွင် နှိပ်ခြင်း(massage)လည်းအပါအ၀င်ဖြစ်ပါတယ်။ ယခုနောက်ပိုင်းတွင် ဗိုက်သားနှိပ်နယ်ခြင်း ခေတ်စားလာတာနဲ့အမျှ ကောင်းကျိုးနဲ့ဆိုးကျိုးများကို ခွဲခြားတင်ပြလိုက်ပါတယ်။ ကောင်းကျိုးများအနေနဲ့ -သားအိမ်ထဲတွင် သန္ဒေသားရဲ့ ကိုယ်နေဟန်ထားမမှန်သောအခါ မွေးဖွားရခက်ခဲတတ်ပါတယ်။ထိုအခါမျိုးတွင် ဗိုက်ကိုနှိပ်ပြီးပြင်ခြင်းဖြင့် ကလေးအနေအထားမှန်စေပြီး မွေးရလွယ်ကူစေပါတယ်။ -ဗိုက်ကြွက်သားများကိုနှိပ်နယ်ခြင်းဖြင့် သွေးလှည့်ပတ်မှုကောင်းစေပြီး ခါးနဲ့ကျောဘက်ကြွက်သားများရဲ့တင်းအားကိုလျော့စေပါတယ်။ -ကလေးထွားလာတာနဲ့အမျှဖြစ်ပေါ်တတ်သော ဗိုက်ကြောပြတ်ရာများကိုလည်းကာကွယ်နိုင်ပါတယ်။ ဆိုးကျိုးအနေနဲ့ကတော့ မကျွမ်းကျင်သူများနဲ့နှိပ်ပါက ကလေးကိုယ်အဂါင်္ပျက်ယွင်းခြင်းကနေ သေဆုံးသည်အထိဆိုးကျိုးများတာမို့ ဆရာဝန်များက အားမပေးကြပါဘူး။ ဒါကြောင့်မဖြစ်မနေအနှိပ်ခံလိုသူများအနေနဲ့ ကိုယ်ဝန်ငါးလနဲ့အထက်မှသာနှိပ်သင့်ပြီး ကျွမ်းကျင်သောပညာရှင်နဲ့သာ နှိပ်နယ်သင့်ပါတယ်။သို့သော် နှိပ်နယ်မယ့်အစား နှိပ်ခြင်းကြောင့်ရနိုင်သော အကျိုးကျေးဇူးများကို အခြားနည်းလမ်းများဖြင့်သာ ရှာဖွေသင့်ကြောင်း အကြံပေးတင်ပြလိုက်ပါတယ်။