ကိုယ်ဝန်ဆောင်ချိန်ပထမ၂ပတ်တွင် ခံစားရလေ့ရှိသော လက္ခဏာများအကြောင်း

ကရေးသားခဲ့သည်: Redaksi Klikdokter.com

Sering Tak Disadari, Ini ciri-ciri Kehamilan Usia 2 Minggu

ကိုယ်ဝန်စရှိလာတာနဲ့ တပြိုင်နက် မိခင်လောင်းတို့တွင် လက္ခဏာသစ်များ စတင်ခံစားရလာပါတယ်။ ကိုယ်ဝန်ပထမဆုံးနှစ်ပတ်တွင် သိသာတဲ့ လက္ခဏာတစ်ခုကတော့ ပျို့အန်ခြင်းဖြစ်ပြီး ခါးနာခြင်း၊အားနည်းခြင်း၊စိတ်အပြောင်းအလဲများခြင်းတို့ကိုပါ စတင်ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေဟာ ကိုယ်ဝန်သက်တမ်းရလာတာနဲ့အမျှ ပျောက်ကွယ်သွားမှာဖြစ်လို့ စိုးရိမ်စရာတော့မရှိပါဘူး။ အခြားသော မူမမှန်လက္ခဏာများရှိပါက ဆရာဝန်နဲ့ချက်ချင်းပြသဖို့တော့ လိုအပ်ပါတယ်။ ကိုယ်ဝန်အစောပိုင်းကာလမှာကတည်းက အာဟာရပြည့်ဝစွာစားသောက်သင့်ပြီး ကိုယ်ခံအားကောင်းစေမယ့် အားဆေးများလည်း နေ့စဉ်သောက်သုံးသင့်ပါတယ်။ ထိုအစောပိုင်းကာလမှာ ပုံမှန်လိင်ဆက်ဆံရေးရှိခြင်းဖြင့်လည်း သန္ဒေသားဆီ သွေးလှည့်ပတ်မှုပိုမိုကောင်းစေမှာဖြစ်ပါတယ်။ ကိုယ်ဝန်စရှိပြီဆိုကတည်းက မိခင်ကောကလေးအတွက်ပါ နှစ်ယောက်စာ ပိုမိုစားသုံးသင့်တာမို့ ပရိုတင်းနဲ့ကယ်လိုရီပိုမိုပါသောအစာများကို ရွေးချယ်စားပေးဖို့ မမေ့ပါနဲ့။ ကိုယ်ဝန်အစောပိုင်းကာလဟာ အထူးသတိထားရမယ့်ကာလဖြစ်တာမို့ စိုးရိမ်ရသော လက္ခဏာများရှိပါက တုံ့ဆိုင်းမနေပဲ ဆေးရုံသို့အမြန်သွားဖို့လည်း တိုက်တွန်းချင်ပါတယ်။ကိုယ်ဝန်စရှိပြီဆိုတာ သိကတည်းက အိုဂျီနဲ့ပြသခြင်းက အကောင်းဆုံးဖြစ်ပါတယ်။