ကိုယ်ဝန်ကြောင့်ပျို့အန်ခြင်းကို လျှော့ချပေးနိုင်သော အစာအာဟာရများအကြောင်

ကရေးသားခဲ့သည်: Redaksi Klikdokter.com

Gizi Makanan untuk Mengurangi Mual dan Muntah di Masa Kehamilan

ကိုယ်ဝန်အစောပိုင်းကာလမှာ အမျိုးသမီးတိုင်း ပျို့အန်တတ်ကြပါတယ်။ဒါဟာ ကိုယ်ဝန်ဆောင်စဉ်တွင် ဟိုမုန်းများအဆမတန်မြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး လိုတာထက်ပိုပြီး ပြင်းထန်စွာပျို့အန်ပါက နေ့စဉ်လုပ်ငန်းဆောင်တာများကိုပါ မဆောင်ရွက်နိုင်အောင် ဖြစ်တတ်ပါတယ်။ ထို့သို့ ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်းကို သက်သာအောင်ပြုလုပ်ပေးမယ့်အစာအာဟာရများကို ရွေးချယ်စားသောက်တတ်ဖို့လည်း လိုပါတယ်။ထိုအစားအစာတွေကတော့ (၁)ပရိုတင်းနဲ့ကာဗိုဟိုက်ဒရိုက်ပါသောအစားအစာများ အာလူး၊ပေါင်မုန့်၊ဘီစကစ်၊အသီးအရွက်များနဲ့သစ်သီးများကိုစားသုံးသင့်ပါတယ်။သို့သော်ဆီကြော်စာတွေက ပိုဆိုးစေတဲ့အတွက် ဟင်းများကိုကြော်စားမည့်အစား ပေါင်းခြင်း၊ပြုတ်ခြင်းကို ပြုလုပ်သင့်ပါတယ်။ (၂)ဗီတာမင် ဘီစစ် ပါသောအစာများ ပဲစေ့များ၊ဟင်းသီးဟင်းရွက်များနဲ့သစ်သီးများကလည်း ပျို့အန်ခြင်းကိုသက်သာစေပါလိမ့်မယ်။ (၃)ဖော်လစ်အက်စစ် ပျို့အန်ခြင်းကိုသက်သာစေမယ့်အပြင် သန္ဒေသားကို ကြီးထွားဖွံ့ဖြိုးမှုကိုပါ အထောက်အကူပေးပါတယ်။ဖော်လစ်အက်ဆစ်ကို ကြက်အသည်း၊ရေညှိနဲ့ပဲပုတ်စေ့များမှ ရရှိနိုင်ပြီး တစ်နေ့ကို ၃၀၀mgရရှိအောင် စားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်းကိုလျှော့ချဖို့ လိုအပ်သောအာဟာရများကို PRENAGEN Emesisကလည်း ပေးစွမ်းနိုင်ပါတယ်။ PRENAGENမှာ ပရိုတင်း၊ဘီစစ်၊DHAနဲ့ Folic acidတို့ပါဝင်လို့ ကိုယ်ဝန်ဆောင်မိခင်များအထူးသောက်သုံးသင့်ပါတယ်။ နေ့စဉ်သောက်သုံးခြင်းဖြင့် ကိုယ်ဝန်ကြောင့်ပျို့အန်ခြင်းကို ၈၀ရာနှုန်းထိလျှော့ချနိုင်ကြောင်း စမ်းသပ်မှုများဖြင့် သက်သေပြပြီးဖြစ်တာမို့ စိတ်ချယုံကြည်စွာသောက်သုံးနိုင်ပါတယ်။