ကိုယ်ဝန်ဆောင်ကာလတွင် ဖြစ်လေ့ရှိသော အိပ်မပျော်ခြင်းကို ဘယ်လိုရင်ဆိုင်မလဲ

ကရေးသားခဲ့သည်: Redaksi Klikdokter.com

Cara Mengatasi Ibu Hamil Susah Tidur Saat Hamil Muda

ကိုယ်ဝန်ဆောင်ကာလတွင်း ရင်ဆိုင်ရသော ပြဿနာများတွင် အိပ်မပျော်ခြင်းကလည်း တစ်ခုဖြစ်ပါတယ်။ကိုယ်ဝန်သက်ရင့်လာတာနဲ့အမျှ ၀မ်းဗိုက်အရွယ်အစားကြီးမားလာခြင်းကြောင့် ညအိပ်စက်ရာတွင် အဆင်မပြေဖြစ်တတ်သလို မွေးလာမယ့်ကလေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများခြင်းကြောင့်လည်း အိပ်မပျော်ဖြစ်တတ်ပါတယ်။ညတိုင်းအိပ်မရဖြစ်ပါက မိခင်နဲ့ကလေးရဲ့ ကျန်းမာရေးထိခိုက်နိုင်တဲ့အတွက် အောက်ပါနည်းလမ်းလေးများကို အသုံးပြုပြီး အိပ်ပျော်နိုင်ဖို့ ကြိုးစားကြည့်ကြပါစို့။ -သက်တောင့်သက်တာရှိသော အိပ်စက်ပုံအနေအထားကို ရွေးချယ်ပါ။အကောင်းဆုံးအနေအထားကတော့ ညာဘက်သို့ဘေးတစောင်းအိပ်ခြင်းဖြစ်ပါတယ်။ကလေးဆီသွေးလှည့်ပတ်မှုကောင်းစွာရောက်ရှိစေနိုင်သလို မိခင်ကိုလည်းအိပ်ပျော်စေပါလိမ့်မယ်။ -ညအိပ်ခါနီးတွင် အမွှေးဆီစိမ်ထားသောရေနွေးဖြင့်ရေချိုး ပါ။ကိုယ်ရောစိတ်ပါသက်တောင့်သက်သာဖြစ်စေပြီး အိပ်ပျော်စေဖို့ အထောက်အကူပြုပါတယ်။ -ညအိပ်ရာဝင်ခါနီးအစာများများမစားပါနဲ့။ဗိုက်ဆာပါက နွားနို့ပူပူလေးတစ်ခွက်လောက်နဲ့ဘီစကွတ်လောက်သာ စားသင့်ပါတယ်။ -အိပ်ခါနီးအချိန်တွင် စိတ်ကိုငြိမ်းချမ်းစေမယ့် ဂီတကိုနားဆင်ပါ။ -ကိုယ်ဝန်ဆောင်ကာလမှာလည်း ပုံမှန်လိင်ဆက်ဆံခြင်းမျိုး ပြုလုပ်ခြင်းက ကျန်းမာရေးအတွက် သင့်တော်ပါတယ်။ -အိပ်မပျော်သူများအနေဖြင့် အသက်ရှူလေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။အသက်ကိုတ၀ရှူသွင်းပါ။ထို့နောက် ၂စက္ကန့်လောက်အသက်အောင့်ပါ။ပြီးမှ ဖြေးညင်းစွာ ပါးစပ်ကရှူထုတ်ပါ။ တစ်နေ့ကို အကြိမ်များစွာပြုလုပ်ပေးနိုင်ပါတယ်။နေ့စဉ်ပြုလုပ်သင့်ပါတယ်။ -စိတ်ကိုငြိမ်သက်အေးချမ်းအောင်ထားပါ။မိမိကိုးကွယ်သောဘာသာတရားရဲ့ အဆုံးအမကိုနာခံပါ။ဘာသာရေးအသိဖြင့်နေထိုင်ခြင်းကလည်း စိတ်သောကများကိုပြေလျော့စေတဲ့အတွက် အိပ်ပျော်စေဖို့ ကူညီပေးပါလိမ့်မယ်။