ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ နို့ထွက်များအောင် ဘယ်လိုကြိုတင်ပြင်ဆင်ကြမလဲ

ကရေးသားခဲ့သည်: Redaksi Klikdokter.com

Cara Meningkatkan Produksi ASI yang Seret

မိခင်နို့ဟာ ကလေးငယ်အတွက် အကောင်းဆုံးအာဟာရတစ်မျိုးဖြစ်ကြောင်း သိရှိကြပြီးဖြစ်ပါတယ်။ထို့မျှမက မိခင်အတွက်လည်း ကောင်းကျိုးများစွာပေးစွမ်းနိုင်ပါတယ်။ဒါတွေကတော့ သားအိမ်ကို ကလေးမမွေးခင်ကအတိုင်း လျင်မြန်စွာပြန်ကျူံ့စေခြင်း၊ကိုယ်အလေးချိန်ကျစေခြင်း၊သားဥအိမ်ကင်ဆာနဲ့ရင်သားကင်ဆာဖြစ်နှုန်းကို လျော့ကျစေခြင်း၊အရိုးပွခြင်းကိုကာကွယ်ပေးခြင်းနဲ့ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါနဲ့ဆီးချိုအမှတ်၂ကို ကာကွယ်ခြင်းတို့ဖြစ်ပါတယ်။ ကလေးငယ်အတွက်လည်း အလာ့ဂျစ်ဖြစ်ခြင်း၊ပန်းနာရင်ကျပ်၊ဆီးချို၊အ၀လွန်ခြင်း၊ကင်ဆာရောဂါများ။ဆီးလမ်းနဲ့အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊ဆီးချိုရောဂါနဲ့အစာအိမ်အူလမ်းကြောင်းပြဿနာများကို ကာကွယ်ပေးပါသေးတယ်။ မိခင်နို့အထွက်များစေမယ့်နည်းလမ်းကောင်းများ -ကလေးမကြာခဏနို့စို့သောကြောင့် နို့မထွက်တော့မှာကို စိုးရိမ်ဖို့မလိုပါဘူး။ မိခင်ရဲ့နို့ရည်ကိုထုတ်ပေးသော ဂလင်းတွေဟာ ကလေးရဲ့နို့ရည်လိုအပ်ချက်အပေါ်လိုက်လျောညီထွေပြောင်းလဲပေးနိုင်တာမို့ ကလေးနို့စို့လေ နို့ထွက်လေဖြစ်နေမှာပါ။ -ရေအလုံအလောက်သောက်ပေးပါ။ရေသောက်ခြင်းဖြင့် နို့ပေါများစွာထွက်စေနိုင်ပါတယ်။ -ကလေးနို့စို့နေစဉ်မှာ သူမစို့သော အခြားတစ်ဖက်ရှိနို့ကို နှိပ်နယ်ပေးပါ။ဒီနည်းကလည်း နို့ပိုထွက်ဖို့ အားပေးပါတယ်။ -နေ့စဉ်အစားအစာများတွင် ပရိုတင်း၊ကာဗိုဟိုက်ဒရိတ်နဲ့ဗီတာမင်များပါဝင်အောင်စားသုံးပါ။ -နို့ထွက်နည်းပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။ -နို့တိုက်ပုံအနေအထားကလည်း နို့ထွက်များစေဖို့ အရေးကြီးပါတယ်။ဒါကြောင့်နို့တိုက်တဲ့အချိန်မှာ သက်တောင့်သက်တာရှိသော အနေအထားဖြင့်တိုက်ကျွေးသင့်ပါတယ်။လှဲတိုက်ခြင်းဖြစ်စေ ကလေးကိုမိခင်ဗိုက်နဲ့ကပ်ပြီး ပွေ့ထားသောအနေအထားတွင်ဖြစ်စေ တိုက်နိုင်ပါတယ်။မိခင်စိတ်ဖိစီးနေပါကနို့ထွက်နည်းစေတာမို့ စိတ်ကိုပါလန်းဆန်းအောင် ထားပေးဖို့ လိုအပ်ပါတယ်။