ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းများ

ကရေးသားခဲ့သည်: Redaksi Klikdokter.com

Tips Mencegah Hipertensi Saat Hamil

ကိုယ်ဝန်ဆောင်ချိန်ဟာ အထူးဂရုပြုရမယ့် ကာလအပိုင်းအခြားဖြစ်ပါတယ်။ မိခင်ကောကလေးရဲ့ ကျန်းမာရေးဟာ အကောင်းဆုံးအနေအထားမှာရှိသင့်တဲ့အချိန်ကာလတစ်ခုဆိုလည်း မမှားပါဘူး။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ မိခင်ကောကလေးရဲ့ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။အဆိုပါအကြောင်းရင်းများအနက် သွေးတိုးခြင်းလည်း တစ်ချက်အပါအ၀င်ဖြစ်ပြီး သွေးတိုးခြင်းကြောင့် အန္တရာယ်များစွာ ဖြစ်ပေါ်နိုင်တဲ့အတွက် မပေါ့ဆသင့်ပါဘူး။ သွေးတိုးရောဂါရှိသူ ကိုယ်ဝန်ဆောင်များအနေဖြင့် ပထမဆုံးသွေးတိုးအမျိုးအစားကိုခွဲခြားပါ။ ကိုယ်ဝန်ဆောင်ကာလတွင်ဖြစ်တတ်သော ကိုယ်ဝန်ဆောင်သွေးတိုးရောဂါကြောင့် ကျောက်ကပ်ပျက်စီးခြင်းအပြင် အခြားသော ကိုယ်တွင်းအစိတ်အပိုင်းများကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါကနေ ပိုမိုဆိုးရွားပါက ကိုယ်ဝန်ဆိပ်တက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး မိခင်နဲ့ကလေးအသက်ပါဆုံးရှူံးရသည်အထိ ဆိုးကျိုးများဖြစ်ပေါ်နိုင်ပါတယ်။ ထိုကိုယ်ဝန်ဆိပ်တက်ခြင်းသည် ကိုယ်ဝန်အပတ်၂၀ပတ်လောက်တွင် စတင်ဖြစ်ပေါ်တတ်ပြီး ဦးနှောက်၊အသည်းနဲ့အခြားကိုယ်တွင်းအစိတ်အပိုင်းတွေကိုပါ ပျက်စီးစေနိုင်ပါတယ်။ သန္ဒေသားကြီးထွားမှုကို ထိခိုက်စေခြင်း၊လမစေ့ပဲမွေးခြင်းနဲ့ မိခင်ကောကလေးပါအသက်ထိခိုက်နိုင်သည်အထိ ဆိုးကျိုးများဖြစ်ပေါ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်ခြင်းကို ကာကွယ်ဖို့ အောက်ပါအချက်များကို လိုက်နာပါ။ ပထမဆုံးအနေနဲ့ ကိုယ်ဝန်မယူခင်တွင် အ၀လွန်သူများ အနေနဲ့ ကိုယ်အလေးချိန်လျှော့ချခြင်းပြုလုပ်ပါ။အ၀လွန်ခြင်းကြောင့် သွေးတိုးရောဂါကိုပိုဆိုးစေနိုင်ပါတယ်။ ဒုတိယအနေနဲ့ ကိုယ်ဝန်မယူခင် မိမိကျန်းမာရေးအခြေအနေကို စစ်ဆေးပါ။ တတိယအချက်ကတော့ သွေးတိုးရှိသူများအနေနဲ့ ပုံမှန်ဆေးကုသမှုခံယူပါ။နေ့စဉ်လေ့ကျင့်ခန်းပြုလုပ်ပါ။ အငန်အစားများခြင်းကို ရှောင်ပါ။ စတုတ္ထအချက်ကတော့ အရက်နဲ့ဆေးလိပ်ဖြတ်ဖို့ဖြစ်ပါတယ်။ ငါးချက်မြောက်အနေနဲ့ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါဖြစ်ပေါ်ပါက ဆေးကုသမှုမဖြစ်မနေခံယူဖို့ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်သွေးတိုးဖြစ်ပေါ်ပါက ကိုယ်ဝန်ဆိပ်တက်ခြင်းကိုကာကွယ်ဖို့ စောစီးစွာကလေးမွေးခြင်းပြုလုပ်ရမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်တွင် အာဟာရပြည့်ဝအောင်စားသင့်ပြီး အလေးအပင်မခြင်း၊စိတ်ဖိစီးမှုများခြင်းတို့ကို ရှောင်ကြဉ်သင့်ပါတယ်။ ပရိုတင်းကြွယ်ဝသော ငါး၊အသီးများနဲ့ကြက်ဥတို့ကိုစားခြင်းဖြင့် သွေးတိုးရောဂါကိုသက်သာစေတာမို့ နေ့စဉ်စားသုံးကြဖို့ တိုက်တွန်းလိုက်ပါတယ်။