မိခင်နို့တိုက်သောမေမေများအတွက် ရင်သားအလှကို ထိမ်းသိမ်းဖို့ နည်းလမ်းကောင်းများ

ကရေးသားခဲ့သည်: Redaksi Klikdokter.com

Payudara Tetap Menarik Saat Menyusui

အမျိုးသမီးများတွက် ကိုယ်ခန္တာလှပကျော့ရှင်းမှုကလည်း အလေးထားရတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ကိုယ်ခန္တာလှပခြင်းကြောင့် မိမိကိုယ်ကိုယုံကြည်မှုတိုးပွားစေတာမို့ အမျိုးသမီးကြီးငယ်မရွေးမက်မောတဲ့အရာတစ်ခုဆို မမှားပါဘူး။ဒါကြောင့် အမျိုးသမီးများအနေနဲ့ ကလေးမီးဖွားပြီးချိန်မှာ ကိုယ်ခန္တာနဲ့ရင်သားများပုံပျက်ပန်းပျက်ဖြစ်မှာကို စိုးရိမ်ကြပါတယ်။ဒီအချက်ကြောင့်တော့ မိမိရင်သွေးလေးတွေကို နို့မတိုက်ပဲ မနေသင့်ပါဘူး။ဒီစာစုလေးမှာတော့ မေမေတို့အတွက် နို့တိုက်ခြင်းကြောင့် ရင်သားပုံပျက်ခြင်းကို ကင်းဝေးစေမယ့် နည်းလမ်းကောင်းလေးများကို ဖော်ပြပေးမှာဖြစ်ပါတယ် Sports Bra ကိုရွေးချယ်ဝတ်ဆင်ပါ မိခင်နို့တိုက်ကျွေးခြင်းဟာ မိခင်တို့ရဲ့ သဘာဝတာဝန်ဖြစ်သလို ရင်သွေးငယ်လေးတို့ရဲ့ ကျန်းမာကြံ့ခိုင်မှုအတွက်လည်း လိုအပ်ပါတယ်။ဒါပေမယ့် နို့်တိုက်ခြင်းကြောင့် ရင်သားများတွဲကျစေတာမို့ နို့်မတိုက်လိုသောမိခင်များလည်း ရှိနေပါသေးတယ်။ နို့တိုက်နေစဉ် ရင်သားအလှကို ကာကွယ်ဖို့ နည်းလမ်းကောင်းတွေ ရှိပါတယ်။ဒါကတော့ နို့တိုက်နေစဉ်ကာလမှာ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပေးဖို့ပါပဲ။လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ရင်သားကြွက်သားများကို ကြံ့ခိုင်သန်မာစေပါလိမ့်မယ်။ ဒါဆို နို့တိုက်မိခင်တွေ ဘယ်လိုလေ့ကျင့်ခန်းမျိုး ပြုလုပ်သင့်လဲမေးသင့်ပါတယ်။ သင့်တော်တဲ့လေ့ကျင့်ခန်းကတော့ 2kg အလေးတုံးလေးများကို သုံးပြီး လေ့ကျင့်ခန်းများပြုလုပ်နိုင်ပါတယ်။ နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ ရင်သားများအရှေ့တွင် လက်ဖ၀ါးတစ်ဖက်စီအုပ်ပြီး နေ့စဉ် ဖိနှိပ်ပေးပါ။ နို့တိုက်ဘော်လီများကို ၀တ်ဆင်ခြင်းကလည်း ရိုးရိုးဘော်လီများထက်စာရင် ရင်သားကိုပင့်တင်ပေးတာမို့ အသုံးဝင်ပါလိမ့်မယ်။ နေ့စဉ်ကုထုံးများ ခံယူပါ လွယ်ကူသော အိမ်တွင်းကုထုံးကတော့ ရင်သားများကို သံလွင်ဆီ သို့မဟုတ် massage oil အသုံးပြုပြီး နှိပ်နယ်ပေးခြင်းဖြစ်ပါတယ်။ ရင်သားကပ်သော maskများကို ကပ်ခြင်းဖြင့်လည်း ရင်သားများတင်းရင်းလှပစေပါလိမ့်မယ်။