သန္ဒေသားရဲ့ ဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးဖို့ ဂီတရဲ့အရေးပါပုံ

ကရေးသားခဲ့သည်: Redaksi Klikdokter.com

Manfaat Musik Untuk Perkembangan Otak Janin

ကလေးတစ်ယောက်ရဲ့မှတ်ဥာဏ်တိုးတက်ကောင်းမွန်ဖို့ကို ငယ်ရွယ်စဉ်ကပင် ပျိုးထောင်လေ့ကျင့်ပေးနိုင်ပါတယ်။ ငယ်ရွယ်စဉ်ဟုဆိုရာတွင် ရင်သွေးလေးဗိုက်ထဲတွင်ရှိသော ၂၄ပတ်မြောက်လောက်ကပင် စတင်ကြိုးစားနိုင်ပါတယ်။ထိုအရွယ်ရောက်သောရင်သွေးလေးများဟာ ရေမြွာရည်ကနေတဆင့် ပြင်ပကအသံများကို စတင်ကြားနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့်၂၄ပတ်ရောက်ရှိသောရင်သွေးလေးများကို ဂီတသံများနားဆင်စေခြင်းဖြင့် ဥာဏ်ရည်ဖွံ့ဖြိုးအောင် အထောက်အကူပေးနိုင်ပါတယ်။ စမ်းသပ်ချက်များအရ ဂီတသံဟာ သန္ဒေသားရဲ့ဦးနှောက်ကိုသက်ရောက်မှုကောင်းစွာရှိတယ်လို့ဆိုပါတယ်။ယခင်ကတော့ classical songများက ဦးနှောက်အပေါ်လွှမ်းမိုးနိုင်ဆုံးဖြစ်ကြောင်းလက်ခံခဲ့ကြပေမယ့် နောက်ပိုင်းလေ့လာချက်များအရ မည်သည့်သီချင်းအမျိုးအစားမဆို သက်ရောက်မှုချင်းတူတူဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် သီချင်းမြူးမြူးတွေဖွင့်လို့လည်း စိုးရိမ်စရာမလိုပါဘူး။မည်သည့်သီချင်းအမျိုးအစားမဆို ဖွင့်နိုင်ပြီး ကလေးအပေါ်ဆိုးကျိုးသက်ရောက်မှုရှိစေမှာမဟုတ်ပါဘူး။ သို့သော် ဂီတကြောင့် ကလေးရဲ့အကြားအာရုံကိုတော့ ပိုမိုထက်မြက်လာစေမှာမဟုတ်တာ သတိချပ်သင့်ပါတယ်။ မေမေ့အကြိုက်ဆုံးသီချင်းတစ်ပုဒ်ကိုဖွင့်ပေးခြင်းဖြင့် မေမေကိုယ်တိုင်စိတ်ကြည်နူးရပါက ကလေးငယ်ရဲ့စိတ်ခံစားချက်ကိုပါ ကောင်းမွန်စေနိုင်ပါသေးတယ်။မေမေသီချင်းဆိုချင်ရင်လည်း ဆိုပြနိုင်ပါတယ်။မေမေ့အသံကြောင့် ကလေးငယ်လည်းပျော်ရွင်နွေးထွေးစေမှာဖြစ်ပါတယ်။သို့သော် ဗိုက်နားသို့ နားကျပ်အကြီးတပ်ပြီး နားဆင်ခိုင်းခြင်းကမှားသောအချက်ဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကလေးကို အထိတ်တလန့်ဖြစ်စေနိုင်ပါလိမ့်မယ်။ ယခုအခါ မေမေတို့အနေနဲ့ ကလေးဥာဏ်ရည်တိုးတက်ဖို့ ဂီတရဲ့အရေးပါပုံကိုသိကြပြီမို့ လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။