နို့တိုက်ချိန်ကာလအတွင်း မေမေတို့ရဲ့စိတ်ခံစားမှုများကို ဘယ်လိုထိမ်းချူပ်မလဲ

ကရေးသားခဲ့သည်: Redaksi Klikdokter.com

Penting Jaga Emosi Saat Menyusui Bayi

မေမေတို့ရေ မကြာမီ လူ့လောကထဲရောက်လာတော့မယ့် ရင်သွေးလေးအတွက် အကောင်းဆုံးပြင်ဆင်ပြီးကြပြီလား? ကလေးအတွက် အ၀တ်အစားမှသည် အိပ်ဖို့ပုခက်ကအဆုံး ကြိုတင်ပြင်ဆင်ထားမှ တော်ကာကျရမှာပါ။နောက်ပြင်ဆင်မှုတစ်ခုအနေနဲ့ ကလေးအတွက် အာဟာရကျွေးမွေးဖို့လည်းပြင်ဆင်ရတော့မှာဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးတွေအတွက် အကောင်းဆုံးဖြစ်ပြီး မိခင်အတွက်လည်း ကလေးအပေါ်တာဝန်ကျေရာရောက်ပါတယ်။ အတွေ့အကြုံမရှိကြသေးသော မိခင်တို့အနေနဲ့ မိခင်နို့ရဲ့အရေးပါပုံ ကို သိရှိကြခြင်းနည်းပါတယ်။ဒါကြောင့်မို့ ဒီဆောင်းပါးလေးမှာတော့ မိခင်နို့တိုက်ခြင်းနဲ့ပတ်သက်တဲ့ ဗဟုသုတလေးများကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ကလေးအသက်၆လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးသင့်ပါတယ်။ အသက်၂နှစ်ထိတိုက်နိုင်ရင် ပိုမိုကောင်းမွန်ပါတယ်။ကလေးငယ်အတွက် အကောင်းဆုံးအာဟာရများကို မိခင်နို့ကရနိုင်မယ့်အပြင် ကလေးနဲ့မိခင်ကြားချစ်ခင်ရင်းနှီးမှုကိုတိုးစေပြီး ကလေးအတွက်စိတ်လုံခြုံမှုကိုပါ ပေးစွမ်းပါတယ်။နို့ပြတ်သွားချိန်မှာတောင် မေမေနဲ့ရင်သွေးလေးကိုနီးစပ်ချစ်ခင်မှုကို ရရှိစေမှာဖြစ်ပါတယ်။ နို့တိုက်နေစဉ်မှာ မိခင်ရဲ့စိတ်ပျော်ရွင်ငြိမ်းချမ်းနေဖို့ လိုအပ်ပါတယ်။အမေက စိတ်သောကများနေပါက ကလေးကိုပါ သက်ရောက်မှုရှိနိုင်ပါတယ်။ နို့တိုက်ခြင်းနဲ့ပတ်သက်ပြီး သိသင့်သောအချက်များ -မွေးကင်းစကလေးများကို ယေဘုယျအားဖြင့် ၂-၃နာရီတစ်ခါနို့တိုက်နိုင်ပါတယ်။အကြိမ်များများတိုက်လေ အားပြည့်လေပါပဲ။ဒါကြောင့် မိခင်အနေနဲ့ မိမိရင်သွေးကိုနို့ဝအောင်တိုက်နိုင်ဖို့ အာဟာရပြည့်ဝအောင်စားသုံးဖို့အရေးကြီးပါတယ်။ နို့စို့ပြီးသော ကလေးငယ်အား ကျောခုံးကို ခပ်ဖွဖွပုတ်ပြီး လေပြန်ထုတ်ဖို့မမေ့ပါနဲ့။ ကလေးနို့မ၀သေးဘူးလို့ ခံစားရပါက နို့တစ်ဖက်ကနေတစ်ခြားနို့တစ်ဖက်ကို ပြောင်းတိုက်သင့်ပါတယ်။ -နို့တိုက်ကျွေးသောကိုယ်နေဟန်ထားကလည်း အရေးကြီးပါတယ်။မိခင်ကောကလေးအတွက်ပါ သက်တောင့်သက်သာဖြစ်စေမယ့် အနေအထားတွင် နို့်တိုက်သင့်ပါတယ်။ လှဲတိုက်ခြင်းဖြင့် ဗိုက်ခွဲထားသော မိခင်များ C sectionကြောင့် နာကျင်ခြင်းကို ကာကွယ်နိုင်ပါတယ်။