ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် အတွေ့များသော complaintsများကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ

ကရေးသားခဲ့သည်: Redaksi Klikdokter.com

Keluhan-keluhan Ibu Hamil dan Cara Mengatasi

အိမ်ထောင်သည်ဘ၀မှာ စုံတွဲများအနေနဲ့ အနိမ့်အမြင့်အတက်အကျများစွာကို အတူတကွ ရင်ဆိုင်ကြရပါတယ်။ထိုနည်းတူ ကိုယ်ဝန်ဆောင်ချိန်ကာလမှာလည်း စိတ်ဖိစီးမှုအနည်းအများမဆို ကြုံတွေ့ရတာ ဓမ္မတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ စုံတွဲများအနေဖြင့် လူ့လောကထဲရောက်လာတော့မယ့်ရင်သွေးလေးကို ကြိုမှန်းဆရင်ပျော်ရွင်နေကြရပေမယ့် တစ်ဖက်မှာလည်း မီးဖွားချိန်အတွက် အသင့်ဖြစ်အောင် ကြိုတင်ပြင်ကြရရင်း သောကဖိစီးကြရပါတယ်။ကိုယ်ဝန်ဆောင်ချိန်သောကဖြစ်စေသောအရာများတွင် မိခင်လောင်းရဲ့ကျန်းမာရေးပြဿနာများသည်လည်း တစ်ခုအပါအ၀င်ပါပဲ။ဒါကြောင့် အဖြစ်များသော ကျန်းမာရေးပြဿနာများကို ကြိုတင်လေ့လာထားခြင်းဖြင့် ရင်ဆိုင်ရတာလွယ်ကူစေမှာဖြစ်ပါတယ်။ -ကိုယ်ဝန်ဆောင်အစောပိုင်းကာလတွေမှာ အဖြစ်များသော ပြဿနာတစ်ခုကတော့ ပျို့အန်ခြင်းဖြစ်ပါတယ်။ ဘာလို့လဲမေးလာပါက ကိုယ်ဝန်အစောပိုင်းတွင် hCGဟိုမုန်းအထွက်များတဲ့အတွက် အစာအိမ်အက်ဆစ်များကို ပိုမိုထွက်ဖို့လှုံ့ဆော်ခြင်းကြောင့် ပျို့အန်ရတာဖြစ်ပါတယ်။ပျို့အန်ခြင်းနဲ့အတူ ဗိုက်အောင့်ခြင်းပါ တစ်ခါတစ်ရံတွဲဖက်ဖြစ်ပေါ်တတ်ပါတယ်။ ဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲ?လွယ်ပါတယ်။ ပျို့အန်ခြင်းကိုဖြစ်စေမယ့် အစားအစာများကိုရှောင်ပါ။အစာကိုဖြေးဖြေးဝါးစားပါ။မနက်နိုးရင် ရေနွေးကြမ်းပူပူတစ်ခွက် သောက်ပါ။ အရေးကြီးတဲ့အချက်ကတော့ ပျို့အန်မှာစိုးပြီး ဘာမှမစားပဲ နေခြင်းကမှားယွင်းတယ်ဆိုတာပါပဲ။ အန်မှာစိုးလို့ဘာမှမစားပဲမနေသင့်ပဲ အာဟာရပြည့်ဝအောင်စားသုံးပေးဖို့လိုပါတယ်။ဒါမှ မိခင်ကောကလေးပါလိုအပ်သည့်အာဟာရများပြည့်ဝနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်ကျန်းမာရေးပြဿနာတစ်ခုကတော့ ခေါင်းကိုက်ခြင်းနဲ့မူးဝေခြင်းဖြစ်ပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့ကတော့ အလှုပ်အရှားနည်းအောင်နေပေးပါ။စိတ်ဖိအားတွေကိုတတ်နိုင်သမျှလျှော့ချပါ။စိတ်ကိုပေါ့ပါးကြည်လင်အောင်ထားသင့်ပြီး အာဟာရပြည့်ဝအောင်စားသုံးပါ။ ခြေထောက်သွေးပြန်ကြောများဖောင်းခြင်းကလည်း အဖြစ်များသောကိုယ်ဝန်ဆောင်ပြဿနာတစ်ခုပါ။ တင်ပါးဆုံအရိုးကွင်းတွင်းဖိအားမြင့်တက်ခြင်းကြောင့်ဖြစ်ပေါ်ရခြင်းဖြစ်ပြီး ဒီအတွက်ကိုတော့ အလှုပ်အရှားနည်းအောင်အနားယူခြင်း၊စတော်ကင်အကျပ်ဝတ်ဆင်ခြင်းနဲ့အတူ ဖိနပ်အမြင့်များစီးခြင်းမှရှောင်ကြဉ်ခြင်းတို့ပြုလုပ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကြုံတွေ့ရသော ပြဿနာများအတွက် အိုဂျီနှင့်စနစ်တကျတိုင်ပင်ပြသခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ထို့ပြင် ကိုယ်ဝန်ဆောင်အားဆေးများကို နေ့စဉ်မှီဝဲဖို့လည်း မမေ့ကြနဲ့နော်။