ကိုယ်ဝန်ဆောင်အမျိုးသမီးတို့အတွက် အိပ်စက်ပုံအမျိုးမျိုးအကြောင်း သိကောင်းစရာ

ကရေးသားခဲ့သည်: Redaksi Klikdokter.com

Perhatikan Posisi Tidur Saat Hamil

မေမေတို့ရေ မကြာခင်ရင်သွေးလေးမွေးဖွားလာတော့မှာဖြစ်လို့ ပျော်ရွင်ကြည်နူးနေကြပြီမဟုတ်လား။ ယခုဆောင်းပါးလေးမှာတော့ မေမေတို့အတွက် ကိုယ်ဝန်ဆောင်ချိန်တွင်ဘယ်လိုအိပ်စက်ပုံများနဲ့အိပ်စက်သင့်လဲဆိုတာ ဖော်ပြပေးမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ပထမသုံးလမှာတော့ ၀မ်းဗိုက်ကြီးထွားမှုနည်းသေးတာမို့ မည်သည့်အိပ်စက်ပုံမျိုးနဲ့မဆို အိပ်စက်နိုင်ပါတယ်။ဒုတိယသုံးလမှာတော့ ဗိုက်လေးအနည်းငယ်ပူလာပြီဖြစ်လို့ စတင်သတိထားသင့်ပါပြီ။ တကယ်ကတော့ မေမေ့သားအိမ်ထဲမှာရေမြွာရည်တို့နဲ့ လုံခြုံစွာ ကာရံထားတဲ့အတွက် ရင်သွေးလေးကတော့ သက်တောင့်သက်သာဖြစ်နေမှာဖြစ်ပေမယ့် မှန်ကန်သောအိပ်စက်ပုံနဲ့အိပ်စက်ခြင်းဖြင့် မလိုလားအပ်တဲ့ဆိုးကျိုးတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ဒါဆို ဘယ်အိပ်စက်ပုံက လုံခြုံစိတ်ချရမလဲဆိုတာကိုသိဖို့အတွက် ဆက်လက်ဖတ်ရှူကြည့်ရအောင်။ ပက်လက်အိပ်စက်ခြင်း ဒီအိပ်စက်ပုံကတော့ ကိုယ်ဝန်ပထမဆုံး၃လမှာသာ အဆင်ပြေပါလိမ့်မယ်။ပိုမိုသက်တောင့်သက်သာရှိစေဖို့ ဒူးအောက်တွင်ခေါင်းအုံးခုအိပ်ပါ။ကလေးထွားလာရင်တော့ ပက်လက်အိပ်ဖို့ မသင့်ပါဘူး။ ဘေးစောင်းအိပ်စက်ခြင်း ကိုယ်ဝန်ဒုတိယသုံးလအတွက် သင့်တော်ပါတယ်။ဘေးစောင်းပြီးဒူးကွေးအိပ်သောအနေအထားဟာ အလွန်သက်တောင့်သက်သာရှိစေပါလိမ့်မယ်။ခြေကျင်းဝတ်အောက်တွင် ခေါင်းအုံးခုထားဖို့လည်း လိုပါတယ်။ဗိုက်နဲ့ခါးအောက်တွင်လည်း ခေါင်းအုံးခုထားနိုင်ပါတယ်။ထိုသို့အိပ်စက်ခြင်းဖြင့် ရင်သွေးငယ်လေးဆီသို့ သွေးလှည့်ပတ်မှုကောင်းစေနိုင်ပါတယ်။ မှောက်အိပ်ခြင်း မှောက်အိပ်ခြင်းကလည်း တကယ့်ကိုသက်တောင့်သက်သာဖြစ်စေတယ်ဆိုတာ သိကြမှာပါ။ခေါင်းအုံးများစွာကို ထပ်ထားပြီး မှောက်အိပ်ခြင်းကိုပြုလုပ်နိုင်ပါတယ်။ ဒူးအောက်မှာခေါင်းအုံးတစ်ခု ခုထားခြင်းဖြင့်လည်း ပိုမိုနေလို့ကောင်းစေပါလိမ့်မယ်။ဒီအနေအထားကို ဘေးစောင်းအိပ်စက်ခြင်းကြောင့် ခါးနာတတ်သောမိခင်တို့ရွေးချယ်သင့်ပါတယ်။ထိုမှောက်လျက်အနေအထားကိုရွေးချယ်မယ်ဆိုပါက ခေါင်းနဲ့တင်ပါးအောက်တွင်လည်း ခေါင်းအုံးများခုထားနိုင်ပါတယ်။